Pages

Sunday, October 21, 2012

Mac မှာ ဇောဂျီဖောင့်သွင်းမယ်....

ကဲဒီပို့စ်လေးကတော့ Mac computer တွေမှာ ဇော်ဂျီဖောင့်....သွင်းတာလေး ပြောပြသွားပါ့မယ်....ပထမဆုံး အောက်ကပေးထားတဲ့ Link လေးတွေကို ဒေါင်းလိုက်ပါအုံး....


ကဲကျွန်တော်တို့ အထက်က လင့်လေးတွေကိုဒေါင်းပြီးတဲ့အခါမှာ ဇော်ဂျီကို စတင် install လုပ်မှဖြစ်ပါတယ်..
dmg ဖိုင်ကတော့ ဗားရှင်းတော်တော်များများရပါတယ် ဆိုတော့ dmg ဖိုင်နဲ့ပဲ အသုံးပြုပါ တကယ်လို့မရတော့မှသာ mpkg ကိုသုံးပါ ကျွန်တော်ကတော့ dmg နဲ့ပဲ အဆင်ပြေသွားပါတယ် ခင်ဗျာ........
ကဲဖိုင်လေးကိုစပြီးတော့ double click ပေးပြီး run ပေးလိုက်ပါ....အောက်ကပုံလေးအတိုင်းတွေ့၇ပါလိမ့်မယ်.
ပုံမှပြထားတဲ့အတိုင်း drag ဆွဲထည့်ပေးပါ.....ပြီးသွားရင်တော့ အောက်ကပုံလေးကိုဆက်ကြည့်ပါ....
ကဲပုံလေးအတိုင်း ရဖို့  dock ကနေ system preferences>language and text ကိုသွားပါ ပြီးရင်တော့ input source ကိုဆက်သွားပါ list ထဲမှာ ပုံမှာပြထားတဲ့အတိုင်း Zawgyi KB ကိုအမှန်ခြစ်ပေးလိုက်ပါ...ပြီးသွား၇င်တော့. Keyboard shortcuts ကိုဆက်သွားပါအုံး...အောက်ကပေးထားတဲ့ပုံလေးကိုဆက်ကြည့်ပါ....
ပြီးသွားရင်တော့ ပုံမှာပြထားသလို spotlight ကိုသွားပြီး show spotlight search field ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ....အောက်ကပုံမှာဆက်ကြည့်ပါ....
ပြီးသွားရင်တော့ keyboard and text ကိုဆက်သွားပါ....ညာဖက်အောက်ခြေက ....select next source in input menu ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....ကဲအောက်ကပုံလေးကိုဆက်ကြည့်ပါအုံး....
ပုံမှာပြထားတဲ့အတိုင်း application > font book ကိုဆက်သွားပါ ပြီးရင် Myanmar MN နဲ့ Myanmar sangam MN ကို  disable လုပ်ပေးပါ (မှတ်ချက် တချို့ version အနိမ့်တွေကတော့ ဒီအဆင်မလိုဘူး ဒါပေမယ့် ကျွန်တော်က mountain lion ဆိုတော့ ဒီအဆင့်ကိုကျော်သွားရင် စာတွေက မူမမှန်တော့ဘူး :P) အဲအဆင့်မလုပ်ခင် စာအရင်ရိုက်ကြည့်ပေါ့ ... အော် စာရိုက်ဖို့က...အောက်ကပုံလေးအတိုင်း ကီးဘုတ်လေးကို ရွေးပြီး စာရိုက်ရုံပါပဲ......

ကဲ အဲ့လောက်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ် ..... mpkg ကို install လုပ်တာတော့ပြောတော့ဘူး နော်
သူလဲလွယ်တယ် သူ့အဆင်တိုင်းသာလုပ်သွားပါ... admin passward တောင်းလာရင် ကွန်ပြုတာစဖွင့်ခြင်းမှာ
ကိုယ်ပေးထားတဲ့ Passward ရိုက်ရုံပါပဲ dmg file ပဲ အသုံးပြုပါ မရတော့မှ သာ mpkg ကိုသုံးပါ...
ကဲနောက်တဆင့်ပတော့.... new keyboard layout လေးအစားထိုးတာပြောပါ့မယ် အစားမထိုးလဲရိုက်လို့၇မှာပါ နဲနဲတော့ ကွဲတယ်ထင်တယ် ...စမ်းကြည့်ပေါ့ဗျာ အော်လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ ပတ်ဆင့်တွေကတော့ option key နဲ့ခံရိုက်၇ပါတယ် ကျွန်တော်တော့ ပတ်ဆင့်သိပ်မသုံးတော့ သိဝူး...ဟိ....ကဲ အောက်ကပုံလေးကိုကြည့်ပါအုံး....
အပေါ် menu bar ကနေ Go > Computer > Macintosh HD > Library > Keyboard layout မှာ စောနကဒေါင်းထားတဲ့ ဖိုင်းလေကို ကူးထည့်လိုက်ပါ admin passward တောင်းလာရင်ပေးလိုက်ပါ replace လုပ်လိုက်ပါ...ကဲ ဒါဆိုရင်တော့ အားလုံးအဆင်ပြေမှာပါ... နောက်တခုကတော့ လိုကမယ်ရ safari မှာ
တခုဝင်ပြင်လိုက်ပါ....Safari > Preference > advanced > default encoding မှာ unicode (UTF-8) ကိုရွေးပေးလိုက်ပါ ... ဒါဆိုရင်လဲ ပိုအဆင်ပြေသွားတာပေါ့ ဗျာ......
ကဲ ပန်းသီး သုံးသူများ အဆင်ပြေပါစေ ကောင်မလေးတွေနဲ့လဲ များများပွားနိုင်ပါစေပေါ့.....အားလုံးပျော်ရွှင်ပါစေ.....ကျောင်းရွာသား.....

0 comments:

Post a Comment