Pages

Sunday, October 21, 2012

window 7 မှာ zawgyi font သွင်းမယ်....

မသိသေးသော သူငယ်ချင်းများ အတွက်ပါ တော်တော်များများတော့သိပါလိမ့်မယ် ကျွန်တော်လဲ သိသလောက်လေးပြောပြတာပါ အမှားပါခဲ့ရင်လဲ ပြင်ဆင်ပေးကြပါလို့.......
ကျွန်တော်တို့တွေ ခုလက်ရှိမှာတော့ window 7 ကိုအသုံးများလာကြပါတယ် ဒါကြောင့် window 7 မှာ ဇော်ဂျီ ဖောင့်သွင်းပုံလေးကို ဖေါ်ပြသွားမှဖြစ်ပါတယ် window 7 မှာ 32 bit ရယ် 64 bit ရယ် နှစ်မျိုးရှိပါတယ် 64 လား 32 လားဘယ်လိုသိနိုင်လဲဆိုတော့ my computer မှာ right click နှိပ် properties ကိုသွားပါ....အောက်ပုံမှာမြင်ရတဲ့အတိုင်းတွေ့၇ပါလိမ့်မယ်

ပုံမှာပြထားတဲ့အတိုင်း system type မှာ မိမိရဲ့ operation system ကိုမြင်တွေ့၇မှာပါ ကဲ အောက်မှာလင့်လေးပေးထားပါတယ် ဒေါင်းလိုက်ပါအုံး....
For 32 bit
For 64 bit
မိမိနဲ့သက်ဆိုင်ရာကို download ပြီး install လုပ်ပါ (64 သမားများကတော့ 32 ထဲက zawgyi  setup ဆိုတဲ့ file လေးကို အရင် run ပေးလိုက်ပါ ပြီးမှ 64 ထဲက setup လေးကို run ပေးလိုက်ပါ)....ပြီးသွား၇င်တော့ IE(internet explorer) မှာသွားပြင်ရမှာဖြစ်ပါတယ်...internet option ကိုသွားပါ....ဘယ်လိုသွား၇မလဲဆိုတာ ပုံလေးပြထားပါတယ်...
အဲအဝိုင်းလေးကိုနိပ်ပြီး internet option ကိုဝင်ပါ....ပြီးရင်အောက်မှာ ပုံလေးထပ်ပြထားပါတယ်....
general ထဲက font ဆိုတာလေးကိုနိပ်ပါ ပြီး၇င် ပုံမှာမြင်၇တဲ့အတိုင်း zawgyi-one ကိုရွေးပေးပါ....ပြီးသွားရင် အောက်မှာပုံလေး ထပ်ပြထားပါတယ်....
ပြီးရင်တော့ font ဘေးက accessibility ကိုနှိပ်ပေးပါ formatting အောက်က ignore font sytles.... ဆိုတာလေးမှာ check လုပ်ပေးပါ (မှတ်ချက် အဲမှာ check မလုပ်ခင် စာတွေပေါ်မပေါ်ကို web page တခုဖွင့်ကြည့်ပါ အိုကေပြီ အားလုံးပေါ်နေပြီဆို၇င် check မလုပ်လဲ၇ပါတယ် မပေါ်ဘူးဆို၇င်တော့ option ကိုပြန်ဝင်ပြီး check လုပ်ပေးပါ) ကျွန်တော်ကတော့ check လုပ်ပြီးမှ မြင်ရလို့ ..... အားလုံးပြီးသွား၇င်တော့ ..... ကွန်ပြူတာညာဖက် အောက်ခြေနားက icon tray လေးမှာ ကီးဘုတ် ပုံလေးပေါ်နေလားကြည့်ပါ မပေါ်သေးရင်တော့.....အောက်က ပုံလေး အတိုင်းဆက်လုပ်ပါ....
control panel ကိုသွားပါ (ကွန်ပြူတာ ဘယ်ဘက်အောက်ခြေက start menu ထဲမှာ control panel လိုက်ရိုက်ထည့်ပါ) ပြီးရင် clock , language, region ခေါင်းစဉ်အောက်က change keyboard setting ကိုသွားပါ.....အောက်မှာပုံကို ဆက်ကြည့်ပါ....


change keyboard ကိုနှိပ်ပါ......
add ကိုနှိပ်ပါ....
ပုံမှာပြထားတဲ့အတိုင်း zawgyi ကိုရှာပါ.....(ဒီပုံက 64 bit အတွက်ပုံပါ)...ပြီး၇င် ok ပေးပါ....
ပြီးရင် apply လုပ်ပါ ok ဆက်နှိပ်ပါ....
ပြီး၇င်တော့ ကွန်ပြူတာညာဖက်အောက်ခြေက ကီးဘုတ်လေးကိုနှိပ်ကြည့်ပါ ဇောဂျီ ဆိုတာလေးနဲ့ နောက်တခုကတော့ english အတွက်ပေါ့ နှစ်ခုပေါ်နေပါလိမ့်မယ် ဒါဆိုရိုက်လို့၇ပါပြီ.....


ကဲ key layout လေးပါထည့်ပေးထားပါတယ် သုံးလို့အဆင်ပြေမှာပါ.....အများစုက mozila ကိုသုံးတဲ့အတွက်ကြောင့် mozila မှာလဲသွားပြင်ပါမယ် menu>tool>option ကိုဝင်ပါ....
ပုံမှာပြထားတဲ့အတိုင်းလုပ်ဆောင်ပါ ပြီးရင်တော့ advanced ကိုသွားပါ....
ပုံမှာပြထားတဲ့အတိုင်းဆက်လက်လုပ်ဆောင်ပါ.....ပြီးသွား၇င်တော့ ok နှိပ်ပြီးပြန်ထွက်ပါ ဒါဆို၇င်တော့ web page တွေအတွက် မြန်မာစာ၇ပါပြီခင်ဗျာ....နောက်ထပ် Gtalk မှာမြန်မာလိုရချင်ရင်တော့.....
ဂျီတော့ setting ထဲကိုဝင်ပါ change font ထဲကနေပြီးတော့ zawgyi လေးကိုရွေးပြီး ok ပေးလိုက်ပါ
ကဲဒါဆို၇င်တော့၇ပါပြီခင်ဗျာ......အားလုံးအဆင်ပြေကြပါစေ.....






0 comments:

Post a Comment